ဂျပန်နိုင်ငံတွင် ဂြိုဟ်တုမှရရှိသော အချက်အလက်များကို အသုံးပြု၍ အနာဂတ် ဂေါ်ဖီထုပ် ထွက်ရှိမှုနှင့် ဈေးနှုန်းများကို ကြိုတင်ခန့်မှန်းကာ ရောင်းအားမြှင့်တင်ရန် စမ်းသပ်စီမံကိန်းတစ်ခုကို စတင်လိုက်သည်။ အဆိုပါ စီမံကိန်းကို ဂျပန်ထိပ်တန်း ကြော်ငြာကုမ္ပဏီ Dentsu၊ ဂျပန်အာကာသသုတေသနအေဂျင်စီ (JAXA) နှင့် ဒေသတွင်း လယ်ယာစိုက်ပျိုးရေး သမဝါယမအသင်းတို့ ပူးပေါင်း၍ ဂွန်မစီရင်စု၊ ဆုမာဂိုအိရွာထွက် ဂေါ်ဖီထုပ်များကို အဓိကထား ဆောင်ရွက်ခြင်းဖြစ်သည်။စိုက်ပျိုးသူများသည် ဂေါ်ဖီထုပ်၏ အရောင်နှင့် အရွယ်အစားကို ဂြိုဟ်တုအချက်အလက်များမှတစ်ဆင့် ၈ ပတ်ကြိုတင်ကာ ခန့်မှန်းတွက်ချက်နိုင်မည်ဖြစ်သည်။ ထွက်ရှိမှု လွန်ကဲမည်ဟု ခန့်မှန်းရသည့် ကာလများတွင် ဖြန့်ဖြူးရေးလမ်းကြောင်းများကို တိုးချဲ့ပြီး၊ ထွက်ရှိမှု လျော့နည်းချိန်တွင် ကြော်ငြာများကို လျှော့ချခြင်းဖြင့် ဈေးနှုန်းတည်ငြိမ်စေရန်နှင့် အစားအစာ လေလွင့်ပြုန်းတီးမှုကို လျှော့ချနိုင်ရန် ရည်ရွယ်သည်။ ဤနည်းလမ်းသည် အောင်မြင်ပါက အခြားသီးနှံများနှင့် ဒေသများသို့ပါ တိုးချဲ့ကျင့်သုံးသွားမည်ဖြစ်သည်။
ဂျပန်၌ ဂြိုဟ်တုအချက်အလက်များကို အသုံးပြု၍ ဂေါ်ဖီထုပ် ရောင်းအားနှင့် စျေးကွက်ထိန်းသိမ်းရေး စမ်းသပ်ဆောင်ရွက်
Aug 26 • 3:47 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


