ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ဇူလိုင်လအတွင်း လျှပ်စစ်မီတာခများ တစ်လအတွင်း သုံးဆကျော်အထိ အဆမတန် မြင့်တက်လာသဖြင့် မြို့ခံပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ပုံမှန် ကျပ် ၃ သောင်းမှ ၅ သောင်းဝန်းကျင်သာ ကျသင့်သည့် နေအိမ်မီတာခများမှာ ကျပ် ၂ သိန်းဝန်းကျင်အထိ မြင့်တက်လာခဲ့ပြီး ပုံမှန် ယူနစ် ၂၀၀ မှ ၃၀၀ ကြားသာ သုံးစွဲသည့် နေအိမ်အချို့တွင်လည်း ယူနစ် ၇၀၀ ကျော်အထိ ရုတ်တရက် တိုးလာကြောင်း မြို့ခံများထံမှ သိရသည်။ထို့ပြင် အချို့နေအိမ်များတွင် မီတာယူနစ် လာရောက်ဖတ်ရှုခြင်း မရှိဘဲ မီတာစာရွက် ရောက်ရှိလာချိန်မှ သုံးစွဲယူနစ်နှင့် မီတာခများ အဆမတန် မြင့်တက်နေသည်ကို တွေ့ရှိရကြောင်း မြို့ခံများက ပြောဆိုကြသည်။လက်ရှိ လျှပ်စစ်မီတာခ သတ်မှတ်နှုန်းထားများမှာ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်နှင့် ၂၀၁ ယူနစ်နှင့်အထက်ကို တစ်ယူနစ်လျှင် ကျပ် ၃၀၀ နှုန်းဖြင့် တွက်ချက်လျက်ရှိကြောင်း သိရသည်။
Aug 26 • 3:46 AM
မြန်မာ
ကချင်
မျှဝေမည်
| 40 | 0 | 0 | 0 |


