၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းနယ်မြေ ပဋိပက္ခများနှင့် အရေးပေါ် အခြေအနေများကြောင့် ထိခိုက်ခံစားရသူ ၁၂၀,၀၀၀ ကျော်ထဲမှ ၅၃,၀၀၀ အရေးပေါ်နှင့် ရေရှည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သည်။ICRC သည် ဒေသခံ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာသူများအား အခြေခံ လိုအပ်ချက်များ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့် မိလ္လာစနစ်၊ အမိုးအကာ၊ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အထောက်အပံ့များ ပံ့ပိုးပေးခဲ့သည်။ထို့ပြင် မိသားစုဝင်များ အဆက်အသွယ် ပြန်လည်ရရှိရေး၊ မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ အန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် မိသားစုများ စိုက်ပျိုးရေးနှင့် အစားအစာ ထုတ်လုပ်နိုင်ရေးအတွက် လူ ၅၃,၀၀၀ ဝန်းကျင်အား မျိုးစေ့၊ စိုက်ပျိုးရေးသုံး ကိရိယာများနှင့် သဘာဝမြေဩဇာများ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
Aug 26 • 3:45 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 68 | 0 | 0 | 0 |


