ရန်ကုန်မြို့တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ရောဂါ ကူးစက်မှုများ ဖြစ်ပွားပြီးနောက် ပြည်သူများ အစားအသောက် ဆင်ခြင်လာကြသဖြင့် ရန်ကုန်အနှံ့ရှိ အသားငါး ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ဈေးနှုန်းများ အကြီးအကျယ် ကျဆင်းသွားကြောင်း သိရသည်။ရောဂါ ကူးစက်မှု သတင်းများကြောင့် ပြည်သူများအကြား စိုးရိမ်မှု မြင့်တက်လာပြီး ဝက်သား၊ ကြက်သား ဝယ်ယူ စားသုံးရန် တုံ့ဆိုင်းလာကြသဖြင့် ယခင်က ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅,၀၀၀ မှ ၄၀,၀၀၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ကျပ် ၂၀,၀၀၀ ခန့်အထိ ဈေးနှုန်းများ ထက်ဝက်ကျော် ပြုတ်ကျသွားသော်လည်း ဝယ်ယူသူ နည်းပါးလျက်ရှိသည်။အသားငါး ဝယ်လိုအား ကျဆင်းရခြင်းမှာ စည်ပင်သာယာရေး ကော်မတီက ၁၉ လမ်း ညဈေး အပါအဝင် လမ်းဘေး အကင်ဆိုင်များနှင့် စားသောက်ဆိုင်များကို ယာယီ ပိတ်သိမ်းခိုင်းထားခြင်းကြောင့် စားသောက်ဆိုင်များ၏ ကုန်ကြမ်း ဝယ်ယူမှု ရပ်ဆိုင်းသွားခြင်းနှင့် ပြည်သူများက အသားဟင်းများ ဘေးဖယ်၍ ဟင်းသီးဟင်းရွက်နှင့် ဆန်ပြုတ်များကိုသာ ပြောင်းလဲ စားသုံးနေကြခြင်းကြောင့် ဖြစ်သည်။လက်ရှိတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ ရောဂါ ထိန်းချုပ်ရေး ဆောင်ရွက်နေပြီး အသားငါး ဈေးဆိုင်များကိုလည်း သန့်ရှင်းလတ်ဆတ်စွာ ဖုံးအုပ် ရောင်းချရန် ကွင်းဆင်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုကြောင့် အသားငါး ဈေးကွက်အတွင်း ဝယ်လိုအား သိသိသာသာကျဆင်းလာ
Aug 26 • 4:59 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 36 | 0 | 0 | 0 |


