ရန်ကုန်တိုင်းရှိ မြို့နယ် ၁၂ ခုသို့ ရေပေးဝေလျက်ရှိသော မင်္ဂလာဒုံမြို့နယ်၊ ပစံပြရပ်ကွက်၊ ထောက်ကြန့်လမ်းဆုံအနီးရှိ ဂျိုးဖြူ (၅၆) လက်မ ရေပိုက်လိုင်းပေါ်သို့ ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက် ည ၉ နာရီခွဲခန့်က ညောင်ပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး air valve ပွင့်ထွက်ကာ ချို့ယွင်းခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်ကြောင့် ယင်းနေ့ည ၁၀ နာရီမှစ၍ သစ်ပင်ရှင်းလင်းခြင်းနှင့် ပိုက်လိုင်း ပြုပြင်ခြင်းများကို ချက်ချင်း ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၅ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အလုံးစုံ ပြီးစီးခဲ့ပြီး ရေပေးဝေခြင်းကို ပုံမှန်အတိုင်း ပြန်လည် စတင်ခဲ့သည်။ပိုက်လိုင်း ပြုပြင်နေစဉ် ဂျိုးဖြူရေလှောင်ကန်မှ ရေခေတ္တ ပိတ်ထားခဲ့ရသဖြင့် မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ လမ်းမတော်၊ လသာနှင့် ပန်းဘဲတန်း စသည့် မြို့နယ် ၁၂ ခုတွင် ရေအားနည်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၌ ညောင်ပင်လဲကျလို့ ပျက်စီးခဲ့သည့် ဂျိုးဖြူရေပိုက်လိုင်း ပြင်ဆင်မှု ပြီးစီးသဖြင့် ရေပြန်လည် ပေးဝေ
Aug 26 • 2:41 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 43 | 0 | 0 | 0 |


