back

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ ယာယီရပ်နားထား

Aug 26 • 2:42 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ ယာယီရပ်နားထား

ကရင်ပြည်နယ်၊မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတို့မှ ဘုရားသုံးဆူမြို့သို့ သွားလာနေသည့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်မ...

ကရင်ပြည်နယ်၊မုဒုံ-အဘစ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနှင့် မော်လမြိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတို့မှ ဘုရားသုံးဆူမြို့သို့ သွားလာနေသည့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များမှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဇမိမြစ်ရေ လျှံတက်၍ ရေစီးသန်နေသဖြင့် ဖောင်များ ကူးခွင့်မရသေးဘဲ ယာဉ်ပြေးဆွဲမှု ယာယီ ရပ်နားထားရကြောင်း သိရသည်။ဩဂုတ် ၂၀ ရက်မှစ၍ လှိုင်ကနီနှင့် တောင်ပေါက်အကြားတွင် ကုန်တင်ယာဉ် အစီး ၂၀ ထက်မနည်း ရေကြီးမှုကြောင့် သောင်တင် ပိတ်မိနေပြီး ခရီးသည်များမှာ မုဒုံ-လှိုင်ကနီ လမ်းပိုင်းမှတစ်ဆင့် လှေဖြင့် အဆင့်ဆင့် သွားလာနေကြရသဖြင့် ခရီးစရိတ် ပိုမို ကုန်ကျလျက်ရှိသည်။ထို့ပြင် ကျိုက်မရော စံပယ်ဂူ လမ်းပိုင်းဘက်တွင်လည်း စစ်ဆေးမှုများ တင်းကြပ်ထားသဖြင့် ကုန်ပစ္စည်း သယ်ယူမှု ရပ်ဆိုင်းထားရကာ ဘုရားသုံးဆူဘက်သို့ ကုန်စည် စီးဆင်းမှု မရှိတော့ဘဲ လက်ကျန် ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း သိရသည်။

news-view-count-icon

42