back

စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီတို့ရှိ မြန်မာသံရုံးများက PV ပတ်စပို့ သက်တမ်းတိုးပေးမှု ရပ်ဆိုင်း

Aug 26 • 2:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီတို့ရှိ မြန်မာသံရုံးများက PV ပတ်စပို့ သက်တမ်းတိုးပေးမှု ရပ်ဆိုင်း

စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီနိုင်ငံ ရောက်ရှိနေသည့် အလည်ပတ်စ်ပို့ Passport of Visit (PV) ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများကို မြန်မာသံရုံး...

စင်ကာပူ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် ပါပူဝါနယူးဂီနီနိုင်ငံ ရောက်ရှိနေသည့် အလည်ပတ်စ်ပို့ Passport of Visit (PV) ကိုင်ဆောင်ထားသူ မြန်မာနိုင်ငံသားများကို မြန်မာသံရုံးများက စာအုပ်သက်တမ်း တိုးမြှင့်ပေးခြင်း မပြုတော့ကြောင်းသိရသည်။အဆိုပါ နိုင်ငံများတွင် PV မှ မှီခို (PT) သို့မဟုတ် ပညာရေး (PE) ပတ်စပို့ အမျိုးအစားသို့ ပြောင်းလဲလိုပါက စာအုပ်သက်တမ်း မကုန်မီ ၁၂ လ ကြိုတင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက် လျှောက်ထားရမည် ဖြစ်ပြီး အလုပ်ပတ်စပို့ (PJ) သက်တမ်းတိုးခြင်းများကို ပတ်စပို့ သက်တမ်း ၆ လနှင့် အောက် ကျန်ရှိသူများကိုသာ လျှောက်ထားခွင့် ပြုမည် ဖြစ်သည်။စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင်လည်း PV သက်တမ်းတိုးခြင်း အတွက် WhatsApp မှတစ်ဆင့် Appointment ရရှိထားသူများကို ပယ်ဖျက်၍ Email (PDF ဖိုင်) မှတစ်ဆင့်သာ ပြန်လည် လျှောက်ထားခိုင်းသဖြင့် အချိန်ကြန့်ကြာမှုများကြောင့် စာအုပ်သက်တမ်း ကုန်ဆုံးခါနီးသူများ စိုးရိမ်လျက်ရှိသည်။ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကိုလည်း ဩဂုတ် ၁၉ ရက်မှ စတင်၍ PV အမျိုးအစား သက်တမ်းတိုးခြင်း၊ အမျိုးအစား ပြောင်းလဲခြင်းနှင့် စာအုပ်အသစ် လဲလှယ်ခြင်းများကို နေပြည်တော်၏ ခွင့်ပြုမိန့် ရရှိမှသာ ဆောင်ရွက်ပေးတော့မည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

40