back

ရန်ကုန်ယူနိုက်တက်ကို အနိုင်ရရှိပြီး MFF Charity Shield 2026 ချန်ပီယံဖလား ရှမ်းယူနိုက်တက် ဆွတ်ခူး

Aug 26 • 2:40 AM

breaking-news

မြန်မာ

ရှမ်း

cover

ရန်ကုန်ယူနိုက်တက်ကို အနိုင်ရရှိပြီး MFF Charity Shield 2026 ချန်ပီယံဖလား ရှမ်းယူနိုက်တက် ဆွတ်ခူး

၂၀၂၆/၂၇ ဘောလုံးရာသီသစ် မစတင်မီ ကျင်းပသည့် MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလား ပွဲစဉ်တွင် ရှမ်းယူနိုက်တက် အသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ၁ ဂိုး -...

၂၀၂၆/၂၇ ဘောလုံးရာသီသစ် မစတင်မီ ကျင်းပသည့် MFF Charity Shield 2026 ရန်ပုံငွေ ကွင်းဖွင့်ဖလား ပွဲစဉ်တွင် ရှမ်းယူနိုက်တက် အသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိကာ ချန်ပီယံဖလားကို ဆွတ်ခူးသွားခဲ့သည်။ဩဂုတ် ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ပထမပိုင်း၌ ဂိုးမရှိ သရေကျနေခဲ့သော်လည်း ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက် အသင်းအတွက် အနိုင်ဦးဆောင်ဂိုးကို Edson Junior က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။MFF Charity Shield 2026 ပြိုင်ပွဲသည် ၂၀၂၅/၂၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် လိဂ်ဖလားချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းတို့ ရာသီသစ်မစတင်မီ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်ဖြစ်ပြီး ရရှိလာသည့် ကွင်းဝင်ကြေးများကို ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသွားမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။

news-view-count-icon

36