back

M League ၌ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုငွေ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်မည်ဖြစ်

Aug 26 • 2:02 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

M League ၌ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုငွေ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်မည်ဖြစ်

မြန်မာနေရှင်နယ်လိဂ် (ML) ပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံး ကစားသမား (Man of the Match) ဆုကြေးငွေကို ယခင် ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်...

မြန်မာနေရှင်နယ်လိဂ် (ML) ပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံး ကစားသမား (Man of the Match) ဆုကြေးငွေကို ယခင် ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်က Novotel Yangon Max Hotel ၌ ကျင်းပသည့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေး (၂/၂၀၂၆) ဆုံးဖြတ်ချက်အရ သိရသည်။ထို့ပြင် လိဂ်-၂ ပြိုင်ပွဲတွင်လည်း ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကို ယခင် ကျပ် ၁ သိန်းမှ ကျပ် ၅ သိန်းအထိ တိုးမြှင့် ချီးမြှင့်သွားမည်ဖြစ်သည်။တစ်ရာသီအတွင်း ဂိုးသွင်းအများဆုံး ကစားသမား (Golden Boot) ဆုကြေး များကိုလည်း တိုးမြှင့်လိုက်ပြီး M League ဂိုးသွင်းအများဆုံး ကစားသမားဆုကို ယခင် ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိလည်းကောင်း၊ လိဂ်-၂ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ယခင် ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၅၀ အထိလည်းကောင်း အသီးသီး တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

40