ထိုင်းနိုင်ငံ၊ဖူးခက်နှင့် ကော့စမွီ အပါအဝင် နာမည်ကြီး ခရီးသွား ဒေသများတွင် ပြဿနာ ဖန်တီးသည့် နိုင်ငံခြားသား ခရီးသွားများ၏ ဗီဇာကို ပယ်ဖျက်သွားမည်ဟု ထိုင်းအစိုးရက သတိပေး လိုက်ကြောင်း Nation Thailand သတင်း၌ ဖော်ပြထားသည်။အထူးသဖြင့် အစ္စရေး ခရီးသွား အချို့၏ မလျော်ကန်သည့် အပြုအမူများနှင့် ပဋိပက္ခ သင်္ကေတပြ လှုပ်ရှားမှုများကြောင့် ဒေသခံများ၏ လုံခြုံရေးနှင့် ခရီးသွား လုပ်ငန်းကို ထိခိုက်စေသဖြင့် ထိုင်း ခရီးသွားလာရေးနှင့် အားကစား ဝန်ကြီး ဦးဆောင်၍ သက်ဆိုင်ရာ ဌာနများနှင့် အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ ခရီးသွားများကို ကြိုဆိုသော်လည်း နိုင်ငံဥပဒေနှင့် ယဉ်ကျေးမှုကို လေးစား လိုက်နာရန် လိုအပ်ပြီး ခရီးသွား လုပ်ငန်း ပုံရိပ်နှင့် ဒေသခံများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်အတွက် အဆိုပါ အရေးယူမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Aug 26 • 2:01 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


