ထိုင်းဘဏ္ဍာရေး ဝန်ကြီးဌာန Treasury Coin Market က ဩဂုတ် ၂၄ ရက်တွင် ကျင်းပသည့် လေလံပွဲ၌ ၁၉၉၀ ပြည့်နှစ်ထုတ် ရှားပါး ၁၀ ဘတ်တန် အကြွေစေ့တစ်ပြားကို ဘတ် ၂ ဒဿမ ၅၄ သန်းဖြင့် လေလံအောင်မြင်သွားကြောင်း သိရသည်။အဆိုပါ ၁၀ ဘတ်တန် ဒင်္ဂါးသည် ယူကေတွင် ကျင်းပခဲ့သော (၁၆) ကြိမ်မြောက် နိုင်ငံတကာ ငွေဒင်္ဂါး ရိုက်နှိပ်ရေး လုပ်ငန်းဆိုင်ရာ ညီလာခံ အထိမ်းအမှတ်အဖြစ် စုစုပေါင်း အပြား ၁၀၀ သာ ထုတ်လုပ်ခဲ့သည့် ထိုင်းနိုင်ငံ၏ ပထမဆုံး သတ္တုနှစ်မျိုး ရောစပ် အကြွေစေ့ ဖြစ်သည်။ယင်းဒင်္ဂါး အပြား ၃၄ ပြားကို နိုင်ငံတကာ ပြပွဲနှင့် ပြတိုက်များသို့ ဖြန့်ဝေခဲ့ပြီး ကျန်အကြွေများကို လူထုထံ လည်ပတ်စေခြင်း မရှိဘဲ သိမ်းဆည်းထားခဲ့ရာ အွန်လိုင်း လေလံပွဲတွင် ရှားပါး အကြွေစေ့ ဝယ်ယူ စုဆောင်းသူ နက်သာခွန်း အက်ကရာမန်နီက လေလံဆွဲယူသွားခဲ့ခြင်း ဖြစ်သည်။အဆိုပါ ရောင်းဈေးသည် ထိုင်း ရှားပါး ဒင်္ဂါးစေ့ လေလံသမိုင်းတွင် MS 66 သတ်မှတ်ချက်ဖြင့် တန်ကြေး အမြင့်ဆုံး စံချိန်သစ် ဖြစ်ခဲ့ပြီး Treasury Coin Market က လစဉ် ၁၇ ရက်နေ့တိုင်း အလားတူ လေလံပွဲများ ဆက်လက် ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Aug 26 • 2:01 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


