ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ လာမည့် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပမည့် “The Vietnam International Sourcing Fair 2026” ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဖိတ်ခေါ်ထားသည်။အဆိုပါ ပြပွဲတွင် အစားအသောက်၊ အိမ်သုံးပစ္စည်း၊ လူနေမှုပုံစံနှင့် ပို့ကုန် ထုတ်လုပ်ရေးဆိုင်ရာ ပံ့ပိုးမှုများ ပါဝင်မည်ဖြစ်ပြီး ကုန်ပစ္စည်း ထုတ်လုပ်သူနှင့် တင်ပို့သူ ၆၀၀ ကျော်က အရည်အသွေးမီ ထုတ်ကုန်အမျိုးအစား ၁၅,၀၀၀ ကို စုစည်းပြသသွားမည် ဖြစ်သည်။ဒါ့အပြင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ စီးပွားရေး ချိတ်ဆက်မှု (Business Matching) အစီအစဉ်များနှင့်အတူ ဗီယက်နမ် စက်မှုလုပ်ငန်းအသင်းများ၊ နိုင်ငံတကာ ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းများ၊ ဘဏ်နှင့် အာမခံ လုပ်ငန်းများလည်း ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
Aug 26 • 2:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 70 | 0 | 0 | 0 |


