မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ပင်မဆောင်ကို ရှေးဟောင်းမြို့ပြ အမွေအနှစ် အမှတ်အသားအဖြစ် ဖော်ပြသည့် ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းကို ဩဂုတ် ၂၄ ရက်က ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) မှ သိရသည်။အဆိုပါ ကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်းသည် အဆောက်အအုံ၏ သမိုင်းကြောင်း အချက်အလက်များကို ပြည်သူများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ လွယ်ကူစွာ လေ့လာနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။ရေနံချောင်းတက္ကသိုလ် ပင်မဆောင်သည် ဗြိတိသျှခေတ်က BOC ပိုင် ဆေးရုံကြီးဖြစ်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ဒေသကောလိပ်၊ ၁၉၈၁ ခုနှစ်တွင် ကောလိပ်၊ ၂၀၀၂ ခုနှစ်တွင် ဒီဂရီကောလိပ်နှင့် ၂၀၂၀ ပြည့်နှစ်မှစ၍ တက္ကသိုလ်အဖြစ် အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မကွေးဌာနခွဲ) က မကွေးတိုင်းဒေသကြီးအတွင်းရှိ ကိုလိုနီခေတ် အဆောက်အအုံပေါင်း ၁၀၂ ခုကို စာရင်းကောက်ယူ မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း၌ နှစ် ၁၀၀ ကျော် သက်တမ်းရှိ ရေနံချောင်းတက္ကသိုလ် ပင်မဆောင်အား ရှေးဟောင်းအမွေအနှစ် ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်
Aug 26 • 2:03 AM
မြန်မာ
မကွေး
မျှဝေမည်
| 46 | 0 | 0 | 0 |


