ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စုရှိ ညောင်တုန်းကျွန်းတာ (တာမိုင် ၁၀/၆ နှင့် ၁၀/၇ ကြား) တွင် ဩဂုတ် ၂၅ ရက် နံနက် ၆ နာရီခန့်က ဧရာဝတီမြစ်ရေ တိုက်စားမှုနှင့် ရေဝဲတိုးမှုကြောင့် အလျားပေ ၃၀၀၊ အနံပေ ၆၀ ခန့် တာအိပဲ့ကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နံနက် ၇ နာရီခွဲခန့်မှစ၍ သက်ဆိုင်ရာ ဌာနများနှင့် ဒေသခံများ ပူးပေါင်းကာ စက်ယန္တရားများနှင့် လူအင်အား အသုံးပြု၍ တာပန်း ကာကွယ်ခြင်းနှင့် အရေးပေါ် ပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။လက်ရှိတွင် ပြုပြင် ကာကွယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေပြီး စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း သိရသည်။
| 56 | 0 | 0 | 0 |


