back

ထိုင်းနိုင်ငံ၌ ၅ နှစ်တာအတွင်း မြန်မာမိခင်များမှ မွေးဖွားသည့် ကလေးငယ် ၁၃၁,၀၀၀ ကျော်ရှိ

Aug 26 • 1:46 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၌ ၅ နှစ်တာအတွင်း မြန်မာမိခင်များမှ မွေးဖွားသည့် ကလေးငယ် ၁၃၁,၀၀၀ ကျော်ရှိ

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်အထိ ၅ နှစ်တာ ကာလအတွင်း မြန်မာမိခင်များမှ မွေးဖွားသည့် ကလေးငယ်ပေါင်း ၁၃၁,၈၆၀ ဦးကျော် ရှိလာကြောင်း ထိုင်...

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်အထိ ၅ နှစ်တာ ကာလအတွင်း မြန်မာမိခင်များမှ မွေးဖွားသည့် ကလေးငယ်ပေါင်း ၁၃၁,၈၆၀ ဦးကျော် ရှိလာကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။နှစ်အလိုက် မွေးဖွားမှု စာရင်းများမှာ ၂၀၂၁ ခုနှစ်တွင် ၁၈,၉၀၅ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၂၈,၇၂၈ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၄,၁၅၄ ဦး၊ ၂၀၂၄ ခုနှစ်တွင် ၂၅,၀၈၇ ဦး၊ ၂၀၂၅ ခုနှစ်တွင် ၂၈,၈၆၉ ဦးနှင့် ၂၀၂၆ ခုနှစ် ဩဂုတ် ၂၁ ရက်အထိ ၁၆,၁၁၇ ဦး မှတ်တမ်းဝင်ခဲ့သည်။မြန်မာနိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းလာခြင်းနှင့် နိုင်ငံရေး အခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း နေထိုင်သူ များပြားလာခြင်းတို့က ကလေးမွေးဖွားမှု နှုန်းထား မြင့်တက်လာရသည့် အကြောင်းအရင်းများ ဖြစ်သည်။အဆိုပါ စာရင်းသည် ထိုင်းနိုင်ငံအတွင်း ကလေးမွေးဖွားခဲ့သည့် မြန်မာမိခင်များကိုသာ အခြေခံ တွက်ချက်ထားခြင်းဖြစ်ပြီး မွေးဖွားလာသည့် ကလေးငယ်များ၏ နိုင်ငံသားဖြစ်မှု အခြေအနေကိုမူ ဖော်ပြထားခြင်း မရှိပေ။

news-view-count-icon

19