တရုတ်သမ္မတ ရှီကျင့်ဖျင်သည် လာမည့် စက်တင်ဘာ ၁၂ ရက်မှ ၁၃ ရက်အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပမည်ဖြစ်သော BRICS ထိပ်သီးအစည်းအဝေးသို့ ကိုယ်စားလှယ်အဖွဲ့ အမြောက်အမြားနှင့်အတူ တက်ရောက်ရန်ရှိကြောင်း CAN သတင်း၌ ဖော်ပြထားသည်။ယင်းခရီးစဉ်သည် ၇ နှစ်အတွင်း သမ္မတရှီကျင့်ဖျင်၏ ပထမဆုံးအကြိမ် အိန္ဒိယ ခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နယ်စပ်ထိပ်တိုက်တွေ့ဆုံမှုများအပြီး အေးစက်နေသည့် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန် ပြန်လည်ပြေလည်လာစေမည့် လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်နေကြသည်။ပြီးခဲ့သည့်နှစ်ကလည်း အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီသည် တရုတ်နိုင်ငံသို့ ၇ နှစ်အတွင်း ပထမဆုံးအကြိမ် သွားရောက်ခဲ့သော်လည်း နှစ်နိုင်ငံဆက်ဆံရေးမှာ ဖြည်းဖြည်းချင်းသာ တိုးတက်လျက်ရှိကြောင်း သိရသည်။
Aug 26 • 1:45 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


