ဂျပန်စာပေ ဘာသာပြန် စာရေးဆရာ ရဲမြလွင် (ခေါ်) ဦးရဲလွင်သည် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်၌ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။စာရေးဆရာ ရဲမြလွင်သည် ဂျပန် စာရေးဆရာ နာစူမဲ့ဆောဆဲကီ၏ "ဘော့ကျန်" စာအုပ်ကို ဘာသာပြန်ဆိုခဲ့ပြီး အဆိုပါ စာအုပ်ဖြင့် အမျိုးသား စာပေဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်သည်။ကွယ်လွန်သူ စာရေးဆရာ ရဲမြလွင်၏ ဈာပန အခမ်းအနားကို လာမည့် ဩဂုတ် ၂၇ ရက်တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ် သွားမည်ဖြစ်ကြောင်း သိရသည်။
Aug 26 • 1:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 46 | 0 | 0 | 0 |


