မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မန္တလေးမြို့ပေါ် (၇) မြို့နယ်ရှိ ကျောင်းတိုက်များ၌ ဝါဆိုဝါကပ်တော်မူကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၄၉,၆၂၁ ပါးတို့အား သာသနာ့တာဝန်များ စိတ်အေးချမ်းသာစွာ ကျင့်ကြံပွားများနိုင်ရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကြက်သွန်နီနှင့် ကုလားပဲ စသည့် လှူဖွယ်ပစ္စည်းများ စုပေါင်းလှူဒါန်းရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လှူဖွယ်ပစ္စည်းများ စနစ်တကျ ခွဲဝေလှူဒါန်း၊ ပို့ဆောင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုလည်း ကျင်းပခဲ့ကြောင်း ဩဂုတ်လ ၂၅ ရက် သတင်းများအရ သိရသည်။
မန္တလေးတွင် ရဟန်း၊ သာမဏေ၊ သီလရှင် ၄၉,၆၀၀ ကျော်အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းရန် ဆောင်ရွက်လျက်ရှိ
Aug 25 • 12:07 PM
မြန်မာ
မန္တလေး
မျှဝေမည်
| 41 | 0 | 0 | 0 |


