back

Pyin Oo Lwin Jungle Trail 2026 ပြေးပွဲကြီးကို အောက်တိုဘာလတွင် ကျင်းပမည်

Aug 25 • 12:06 PM

breaking-news

မြန်မာ

မန္တလေး

cover

Pyin Oo Lwin Jungle Trail 2026 ပြေးပွဲကြီးကို အောက်တိုဘာလတွင် ကျင်းပမည်

သဘာဝတောတောင်အလှများကြား ယှဉ်ပြိုင်ရမည့် “Pyin Oo Lwin Jungle Trail 2026” တောတွင်းအပြေးပြိုင်ပွဲကြီးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊...

သဘာဝတောတောင်အလှများကြား ယှဉ်ပြိုင်ရမည့် “Pyin Oo Lwin Jungle Trail 2026” တောတွင်းအပြေးပြိုင်ပွဲကြီးကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲကို Upper Myanmar Trail Runners (UMTR) အဖွဲ့က အဓိက ကြီးမှူး၍ International Trail Running Association (ITRA) ၏ အသိအမှတ်ပြု စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ စီစဉ်ထားခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်များအတွက် အကွာအဝေး အမျိုးအစား (၃) မျိုး ခွဲခြားထားပြီး လမ်းကြောင်းတစ်လျှောက်တွင် ဆေးဘက်ဆိုင်ရာနှင့် ရေကူညီမှုစခန်းများကို ပြင်ဆင်ပေးထားကာ၊ ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် Tikkat ဝက်ဘ်ဆိုက်မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

news-view-count-icon

35