မသမာသူများ၏ ငွေကြေးလိမ်လည်မှုများမှ ကာကွယ်နိုင်ရန်အတွက် မီတာအသစ် လျှောက်ထားလိုသူများအနေဖြင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ တရားဝင် Website (www.emeter.moee.gov.mm) မှတစ်ဆင့်သာ လျှောက်ထားကြရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ဩဂုတ်လ ၂၅ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။ မသမာသူများက YESC နှင့် ဝန်ကြီးဌာန အမည်များကို အယောင်ဆောင်၍ Facebook၊ Telegram စသည့် Social Media Platform များတွင် စာမျက်နှာများဖွင့်ကာ ငွေကြေးတောင်းခံ လိမ်လည်နေခြင်းဖြစ်ပြီး၊ အဆိုပါ Platform များမှတစ်ဆင့် မီတာလျှောက်ထားခြင်းကို လုံးဝ ဆောင်ရွက်ပေးခြင်း မရှိကြောင်း အသိပေးထားသည်။
Aug 25 • 12:03 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 67 | 0 | 0 | 0 |


