Meta အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ် (Mark Zuckerberg) သည် အိုင်ယာလန်နိုင်ငံရှိ ဧက ၄၄၀ ကျယ်ဝန်းသော ၁၉ ရာစုလက်ရာ Strancally ရဲတိုက် ကို ဝယ်ယူလိုက်ပြီဖြစ်သည်။ ဝယ်ယူသည့် စေဈေးနှုန်းကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း ခန့်မှန်းခြေအားဖြင့် ယူရို သန်း ၂၀ မှ သန်း ၃၀ ကြား ဖြစ်နိုင်ကြောင်း သိရသည်။ အဆိုပါ ရဲတိုက်ကြီး၏ ဘေးတွင် မြစ်တစ်စင်း ရှိသောကြောင့် လှေစီး၍ ရနိုင်သည့်အပြင် နဂိုမူလ လက်ရာအတိုင်း တည်ဆောက်ထားစဉ်က ထမင်းစားခန်းမှ မီးဖိုချောင်သို့ သွားရန် ၄ မိနစ်ကျော်ကြာ မြင့်မည်ဖြစ်ကြောင်း Net Guide သတင်းအရ သိရသည်။
| 44 | 0 | 0 | 0 |


