back

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် ကြယ်တံခွန်မိုတယ်မှ ဖမ်းဆီးထားသူ နိုင်ငံခြားသားအပါအဝင် ၂၀၀ ကျော်ကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့မည်

Aug 25 • 9:04 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် ကြယ်တံခွန်မိုတယ်မှ ဖမ်းဆီးထားသူ နိုင်ငံခြားသားအပါအဝင် ၂၀၀ ကျော်ကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့မည်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်၌ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းဂိမ်းဆိုဒ် လုပ်ကိုင်သူ ထိုင်းနိုင်ငံသားများ အပါအဝင် လူ ၂၀၀ ကျော်က...

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်၌ ဖမ်းဆီးထိန်းသိမ်းထားသည့် အွန်လိုင်းဂိမ်းဆိုဒ် လုပ်ကိုင်သူ ထိုင်းနိုင်ငံသားများ အပါအဝင် လူ ၂၀၀ ကျော်ကို လုံခြုံရေးအရ ဩဂုတ်လ ၂၆ ရက်တွင် ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးခံထားရသူများကို ဩဂုတ်လ ၁၈ ရက်တွင် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် စွဲချက်တင်ထားပြီး လာမည့် စက်တင်ဘာလ ၇ ရက်တွင် ကျိုင်းတုံထောင်၌ အထူးတရားရုံးအဖြစ် ဆက်လက် ကြားနာစစ်ဆေးသွားမည် ဖြစ်သည်။ ယင်းသို့ ကျိုင်းတုံသို့ ပြောင်းရွှေ့ခြင်းကြောင့် ခရီးစရိတ်နှင့် နေထိုင်ရေး အခက်အခဲများ ကြုံတွေ့ရမည်ဖြစ်၍ မိသားစုဝင်များက တာချီလိတ်၌ပင် ဆက်လက်ထားရှိစေလိုပြီး အမှုအား လျှော့ပေါ့ပေးရန် မျှော်လင့်လျက်ရှိကြကြောင်း ဖော်ပြထားသည်။

news-view-count-icon

27