စင်ကာပူနိုင်ငံ Bukit Merah East ရဲစခန်းသို့ လာရောက် အပြစ်ဝန်ခံခဲ့သည့် အသက် ၅၇ နှစ်အရွယ် တရုတ်နိုင်ငံသူ Wang Youying သည် စင်ကာပူတွင် ၈,၀၈၁ ရက် (၂၂ နှစ်ကျော်) ကြာအောင် တရားမဝင် ခိုးအောင်းနေထိုင်မှုဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၅၀၀ (ဒဏ်ငွေ မဆောင်နိုင်ပါက ထောင်ဒဏ် ၅ ရက် ထပ်မံကျခံရန်) ချမှတ်ခံခဲ့ရကြောင်း Mothership သတင်းဖော်ပြချက်အရ သိရသည်။ ၎င်းသည် ၂၀၀၂ ခုနှစ်ကလည်း တရားမဝင် နေထိုင်မှုဖြင့် ပြည်နှင်ဒဏ်ပေးခံခဲ့ရဖူးပြီး ၂၀၀၄ ခုနှစ် ဇွန်လတွင် Visit Pass ဖြင့် ပြန်လည်ဝင်ရောက်လာကာ ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် သက်တမ်းမတိုးဘဲ ဆက်လက်နေထိုင်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရသဖြင့် တရုတ်နိုင်ငံသို့ အမြန်ဆုံး ပြန်လိုကြောင်း တရားရုံး၌ လျှောက်လဲခဲ့သည်။


