ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရာဘူရီမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင် ဩဂုတ်လ ၁၉ ရက်နှင့် ၂၄ ရက်တို့၌ တရားဝင်နေထိုင်ခွင့်ရရှိထားသည့် မြန်မာလုပ်သား ၂ ဦးကို ရက်ပေါင်း ၉၀ နေထိုင်ရာလိပ်စာ သတင်းမပို့မှုဖြင့် ရနောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ဒဏ်ငွေ ဘတ် ၄,၀၀၀ စီ ချမှတ် အရေးယူခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁၉ ရက်တွင် စူလာချွမ်ကလောင်း စစ်ဆေးရေးဂိတ်၌ အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးနှင့် ဩဂုတ်လ ၂၄ ရက်တွင် ဂျေပိုရော် စစ်ဆေးရေးဂိတ်၌ အသက် ၂၄ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့် ရထားသော်လည်း ရက် ၉၀ ပြည့် လိပ်စာသတင်းမပို့ခဲ့သဖြင့် ယခုကဲ့သို့ အရေးယူခံခဲ့ရခြင်း ဖြစ်သည်။
Aug 25 • 9:03 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


