ပြင်ဦးလွင်မြို့နယ်၊ ဓမ္မသဟာယသာသနစင်တာ၌ သီတင်းသုံးတော်မူသည့် ပါမောက္ခချုပ်ဆရာတော်ကြီးထံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး မိသားစု (ကိုယ်စား) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီး အပါအဝင် ဗုဒ္ဓကျမ်းစာအုပ်များကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီးက ပါဠိတော်၊ အဋ္ဌကထာနှင့် ဋီကာ စာပေများ မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းသည် သာသနာရေးဝန်ကြီးဌာန၏ အရေးကြီးဆုံး လုပ်ငန်းဖြစ်ကြောင်း၊ ဆဋ္ဌမူအတိုင်း မူရင်းမပျက် ကွန်ပျူတာစာစီမူ ပုံနှိပ်ဆောင်ရွက်ခြင်းသည် အင်မတန် ကောင်းမွန်ကြောင်း မိန့်ကြားခဲ့သည်။ ထို့ပြင် စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထား ဆောင်ရွက်ကြရန်နှင့် ထေရဝါဒ ဗုဒ္ဓဘာသာ စာပေများကို စနစ်တကျ ထိန်းသိမ်းထားနိုင်သည့် မြန်မာနိုင်ငံကိုသာ အားကိုးပြုကြရမည်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။
Aug 25 • 9:02 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 55 | 0 | 0 | 0 |


