ဈေးကွက်အရ အရေးပါသည့် ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲနှင့် လူး၊ ဆပ် သီးနှံများတွင် ရောဂါဒဏ်နှင့် ရေငတ်ဒဏ် ခံနိုင်စေရန် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သီးနှံများ သုတေသနဌာန (ICRISAT) နှင့် ပူးပေါင်း၍ မျိုးသစ် ထုတ်လုပ်ရေး၊ စက်ကိရိယာသုံး စိုက်ပျိုးရေး၊ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေးတို့ကို အလေးထား ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ICRISAT ပညာရှင်များက Asia Breeding Network (ASIABENET) ၏ ဆောင်ရွက်ချက်များနှင့် ဈေးကွက်အလားအလာများကို ရှင်းလင်း ပြောကြားခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သုတေသီများနှင့် ပဲမျိုးစုံ/မျိုးစေ့ထုတ် အသင်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရောဂါဒဏ်ခံ ပဲမျိုးသစ်များ ထုတ်လုပ်ရေးနှင့် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲရေး ICRISAT နှင့် ပူးပေါင်း ဆောင်ရွက်မည်
Aug 25 • 9:01 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 59 | 0 | 0 | 0 |


