back

ထိုင်းနိုင်ငံတွင် ပိုကီမွန်ကတ် လိမ်လည်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေး ဘတ် ၁ သန်း ဆုံးရှုံး

Aug 25 • 9:06 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ပိုကီမွန်ကတ် လိမ်လည်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ကလေး ဘတ် ၁ သန်း ဆုံးရှုံး

ထိုင်းနိုင်ငံတွင် ပြည်ပမှ ရှားပါး ပိုကီမွန်ကတ်များနှင့် စုဆောင်းပစ္စည်းများ ဝယ်ယူပေးမည်ဟု ဆိုကာ လိမ်လည်မှု ဖြစ်ပွားခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ဦး ဘတ် ၁ သ...

ထိုင်းနိုင်ငံတွင် ပြည်ပမှ ရှားပါး ပိုကီမွန်ကတ်များနှင့် စုဆောင်းပစ္စည်းများ ဝယ်ယူပေးမည်ဟု ဆိုကာ လိမ်လည်မှု ဖြစ်ပွားခဲ့ရာ အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ဦး ဘတ် ၁ သန်းကျော် ဆုံးရှုံးခဲ့ရကြောင်း Bangkok Post သတင်းအရ သိရသည်။ အဆိုပါ ရောင်းချသူ အမျိုးသားသည် အစပိုင်းတွင် ပစ္စည်းများကို တကယ် ပို့ပေးကာ ယုံကြည်မှု ရယူခဲ့ပြီး၊ နောက်ပိုင်းတွင် တန်ဖိုးကြီး အော်ဒါများ မှာယူလာချိန်၌ အကောက်ခွန်နှင့် အခွန် ကိစ္စများ အကြောင်းပြ၍ ပစ္စည်း မပို့တော့ဘဲ အဆက်အသွယ် ဖြတ်တောက်သွားခြင်း ဖြစ်သည်။ လက်ရှိတွင် နစ်နာသူ ၂၅ ဦးထက်မနည်းရှိပြီး စုစုပေါင်း ဆုံးရှုံးငွေ ဘတ် ၅ သန်းကျော် ရှိခဲ့သည်။ ဤဖြစ်စဉ်နှင့် ပတ်သက်၍ Trading Card ဈေးကွက်အတွင်း ငွေကြေး မလွှဲမီ သေချာ စစ်ဆေးရန်နှင့် အာဏာပိုင်များအနေဖြင့် လိမ်လည်သူကို ဖမ်းဆီး၍ ထိရောက်သော ကာကွယ်မှုများ ပြုလုပ်ပေးရန် ကျွမ်းကျင်သူများက တိုက်တွန်းထားကြသည်။

news-view-count-icon

15