ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်နေသည့် ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက စနစ်တကျ စီစဉ်ထောက်ပံ့ပေးလျက် ရှိသည်။ မြို့ တာတစ်လျှောက် ကားလမ်းမကြီးဘေးရှိ ယာယီတဲများတွင် ခိုလှုံနေသူများအတွက် ဂါလံ ၁,၁၀၀ ဆံ့ ယာယီရေလှောင်ကန် ၆ လုံးဖြင့် ရေဖြန့်ဝေပေးနေသည့်အပြင် စံကျောင်းဘုန်းတော်ကြီးကျောင်းရှိ ရေသန့်စင်စက်များမှ ထွက်ရှိသော ရေသန့်များနှင့် အလှူရှင်များ၏ ရေသန့်ကတ်များကိုပါ လှေ၊ ဂွန်ဒေါင်းယာဉ်များဖြင့် မြို့တွင်း ရေဘေးရှောင်စခန်းများနှင့် ဒေသခံများထံ လက်ဝယ်အရောက် ဆက်လက် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ငါးသိုင်းချောင်းမြို့မှ ရေဘေးသင့်သူများ သောက်သုံးရေ အခက်အခဲမရှိစေရန် စီစဉ်ထောက်ပံ့ပေးလျက်ရှိ
Aug 25 • 8:59 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 27 | 0 | 0 | 0 |


