back

တောင်ပြုံးပွဲတော်ကာလ ခရီးသည် များပြားသဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲ

Aug 25 • 9:00 AM

breaking-news

မြန်မာ

မန္တလေး

cover

တောင်ပြုံးပွဲတော်ကာလ ခရီးသည် များပြားသဖြင့် ရထားခရီးစဉ်များ တိုးချဲ့ပြေးဆွဲ

တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီး ခရီးသည် များပြားလာသဖြင့် မြန်မာ့မီးရထားမှ ဩဂုတ်လ ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား ၂ စင်း ထပ်မံတိုးချဲ့ကာ တစ်နေ့လျှင် သူရဲဈေ...

တောင်ပြုံးပွဲတော်ကာလအတွင်း ရထားစီး ခရီးသည် များပြားလာသဖြင့် မြန်မာ့မီးရထားမှ ဩဂုတ်လ ၂၂ ရက်မှစတင်၍ မ-၄၅ နှင့် မ-၄၆ ရထား ၂ စင်း ထပ်မံတိုးချဲ့ကာ တစ်နေ့လျှင် သူရဲဈေး-တောင်ပြုံး အစုန်/အဆန် ခရီးစဉ် ၆ ခေါက် ပြေးဆွဲပေးလျက် ရှိသည်။ ဩဂုတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ခရီးသည် စုစုပေါင်း ၁၃,၃၉၄ ဦး လိုက်ပါစီးနင်းခဲ့ပြီး လမ်းခရီးတွင် အိုးဘို၊ မြနန္ဒာ၊ ကပိုင် ဘူတာတို့၌ ရပ်တန့်ပေးမည်ဖြစ်ကာ လက်မှတ်ခမှာ မည်သည့်ဘူတာမဆို ကျပ် ၁,၀၀၀ သတ်မှတ်ထားသည်။ ထို့ပြင် ခရီးသည် လိုအပ်ချက်ပေါ် မူတည်၍ ရထားခရီးစဉ်များ ထပ်မံတိုးချဲ့ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

33