အိန္ဒိယနိုင်ငံ ဂျက်ခမ်းနှင့် ဩရိဿ ပြည်နယ်တို့ကို ဖြတ်ကျော်မည့် လေဖိအားနည်းရပ်ဝန်းနှင့် မိုးတိမ်တောင် ဖြစ်ထွန်းမှုများကြောင့် လာမည့် ၂၄ နာရီအတွင်း မိုးလေဝသ အပြောင်းအလဲများ ဖြစ်ပေါ်နိုင်သဖြင့် ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့ရှိ ပြည်သူများ ကြိုတင်သတိပြုကြရန် မိုးဇလက ဩဂုတ်လ ၂၄ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ လမ်းကြောင်းတစ်လျှောက်၌ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်နာရီလျှင် မိုင် ၃၅ အထိ လေပြင်းတိုက်ခတ်ကာ လှိုင်းအမြင့် ၁၁ ပေမှ ၁၃ ပေအထိ ရှိလာနိုင်ကြောင်း သတိပေးထားသည်။
လေဖိအားနည်းရပ်ဝန်းနှင့် မိုးတိမ်တောင်များကြောင့် မိုးလေဝသ သတိပေးချက် ရန်ကုန်အပါအဝင် ဒေသအချို့အတွက် မိုးဇလ ထုတ်ပြန်
Aug 25 • 8:58 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


