back

ထိုင်းတောင်ပိုင်း ပြည်နယ် ၃ ခုရှိ မြန်မာနိုင်ငံသားများ လုံခြုံရေး ဂရုပြုရန်နှင့် လိုအပ်ပါက သံရုံးသို့ ဆက်သွယ်နိုင်ကြောင်း အသိပေး

Aug 25 • 8:55 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတောင်ပိုင်း ပြည်နယ် ၃ ခုရှိ မြန်မာနိုင်ငံသားများ လုံခြုံရေး ဂရုပြုရန်နှင့် လိုအပ်ပါက သံရုံးသို့ ဆက်သွယ်နိုင်ကြောင်း အသိပေး

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ္တနီ၊ ယာလာနှင့် နရာသီဝပ် ပြည်နယ်များတွင် လက်ရှိ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ ဒေသများတွင် နေထိုင်သည့်...

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပတ္တနီ၊ ယာလာနှင့် နရာသီဝပ် ပြည်နယ်များတွင် လက်ရှိ၌ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ ဒေသများတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများအနေဖြင့် လူစုလူဝေးများအတွင်း ပါဝင်ပတ်သက်ခြင်း မပြုရန်နှင့် လုံခြုံရေး အထူးဂရုပြု ကြရန် ဗန်ကောက်မြို့ရှိ မြန်မာသံရုံးက ဩဂုတ်လ ၂၄ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြန်မာသံရုံး သို့မဟုတ် အလုပ်သမား သံအရာရှိရုံးများသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားကြရန်လည်း နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

25