back

တိုက်ဖွန်းနာရာကြောင့် တရုတ်နှင့် ဗီယက်နမ်တွင် မိုးကြီးရေလျှံ၊ တရုတ်၌ လူ ၅၄,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

Aug 25 • 8:54 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တိုက်ဖွန်းနာရာကြောင့် တရုတ်နှင့် ဗီယက်နမ်တွင် မိုးကြီးရေလျှံ၊ တရုတ်၌ လူ ၅၄,၀၀၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

တိုက်ဖွန်းမုန်တိုင်း နာရာ (Narra) ၏ အရှိန်ကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေ...

တိုက်ဖွန်းမုန်တိုင်း နာရာ (Narra) ၏ အရှိန်ကြောင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ၌ ပြည်သူ ၅၄,၀၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ဗီယက်နမ်တွင် လူတစ်ဦး သေဆုံးကာ အိမ်ထောင်စု ၄,၃၀၀ ကျော် ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ရသည်။ ထို့ပြင် ဗီယက်နမ်ရှိ ဟာလောင်ပင်လယ်အော် (Ha Long Bay) ဒေသအပါအဝင် မြို့အချို့၌ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်ခဲ့သည့်အပြင် အိမ်ထောင်စု ၅၅,၀၀၀ နီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး စိုက်ပျိုးသီးနှံ ဟက်တာ ၁၀,၀၀၀ ကျော် ပျက်စီးခဲ့သည်။ မုန်တိုင်းသည် တုံကင်ပင်လယ်ကွေ့အတွင်း ဆက်လက် ရှိနေသဖြင့် ဗုဒ္ဓဟူးနေ့အထိ မိုးသည်းထန်စွာ ဆက်လက် ရွာသွန်းနိုင်ကြောင်း မိုးလေဝသ အရာရှိများက သတိပေးထားသည်။

news-view-count-icon

10