ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ရေဝင်ရောက်မှုမှာ ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းအထိ ၅ ပေ ၈ လက်မခန့် ပြန်လည်ကျဆင်းသွားပြီဖြစ်သဖြင့် မြို့တွင်းသို့ သွားလာနိုင်သည့် လမ်းကြောင်းများနှင့် အသုံးပြုနိုင်သော ယာဉ်အမျိုးအစားများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။ အဆိုပါ လမ်းကြောင်းများအနက် ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ လမ်းနှင့် ဟင်္သာတ-တလုတ္ထော် လမ်းပိုင်းအချို့မှတစ်ဆင့် မော်တော်ယာဉ်အမျိုးအစားအလိုက် သွားလာနိုင်ပြီဖြစ်သော်လည်း မြစ်ရေအတက်အကျပေါ်မူတည်၍ လမ်းကြောင်းများ ပြောင်းလဲနိုင်သဖြင့် သွားရောက် ကူညီလှူဒါန်းမည့် ပရဟိတအဖွဲ့များနှင့် အလှူရှင်များအနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထိရောက်စွာ ကူညီနိုင်ရေးအတွက် ဒေသတွင်း ကွပ်ကဲရေးအဖွဲ့များနှင့် ကြိုတင်ချိတ်ဆက် ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့၌ ရေ ၆ ပေနီးပါး ကျဆင်းလာ၍ မြို့တွင်းသွားလာနိုင်သည့် လမ်းကြောင်းများ ထုတ်ပြန်
Aug 25 • 8:52 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 34 | 0 | 0 | 0 |


