ကချင်ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ရုံးခွဲ (ကချင်) သို့ သွားရောက်ကြည့်ရှုပြီး အသင်းဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က တရုတ်နိုင်ငံနှင့် နယ်စပ်မျဉ်း ထိစပ်နေသည့် ပြည်နယ်ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် နယ်စပ်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ပြီး အသင်း၏ လိုအပ်ချက်များအတွက် ပေါင်းစပ်ညှိနှိုင်းပေးကာ အသင်းရန်ပုံငွေ ငွေကျပ် သိန်း ၅၀ ထောက်ပံ့ပေးအပ်ခဲ့သည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ကချင်ရုံးခွဲ) သို့ ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု၊ နယ်စပ်ဒေသ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း
Aug 25 • 8:49 AM
မြန်မာ
ကချင်
မျှဝေမည်
| 24 | 0 | 0 | 0 |


