ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းပြီး ဒါးကချောင်းရေ မြင့်တက်လာမှုကြောင့် ကျေးရွာ ၂၈ ရွာသို့ ရေဝင်ရောက်ကာ ဩဂုတ်လ ၁၀ ရက်မှ ၂၂ ရက်အထိ စာရင်းများအရ ရေဘေးရှောင်ပြည်သူ ၂,၄၇၀ ဦးအထိ ရှိလာကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအား အစိုးရနှင့် အလှူရှင်များက ထောက်ပံ့ပေးလျက် ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများသို့ အလှူရှင် အရောက်နည်းသဖြင့် အခက်အခဲများ ရှိနေသည့်အပြင် အိမ်နီးချင်း လေးမျက်နှာမြို့နယ်၌လည်း ငဝန်တာအောက်ခံ သဲကြောထူးပေါက်၍ ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့မှ ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြရကြောင်း သိရသည်။
Aug 25 • 8:48 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 29 | 0 | 0 | 0 |


