မလေးရှားနိုင်ငံ Bukit Jalil ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေပြီး မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လိုသည့် မြန်မာနိုင်ငံသား ၄၀ ဦးကို ဩဂုတ်လ ၂၆ ရက်တွင် မြန်မာ့လေကြောင်း (8M 504) ဖြင့် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ မြန်မာသံရုံးက ဩဂုတ်လ ၂၄ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ထိန်းသိမ်းရေးစခန်းရောက် မြန်မာများ၏ မိသားစုဝင်များထံမှ တာဝန်ရှိသူ မဟုတ်သူများက ငွေကြေးလိမ်လည် တောင်းခံမှုများ ရှိနေသဖြင့် မိသားစုဝင်များနှင့် နီးစပ်သူများအနေဖြင့် အထူးသတိပြုကြရန် သံရုံးက သတိပေး နှိုးဆော်ထားသည်။
မလေးရှားနိုင်ငံ Bukit Jalil ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၀ ဦးကို ဩဂုတ် ၂၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်
Aug 25 • 8:47 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


