back

MFF Charity Shield 2026 ကွင်းဝင်ကြေးများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

Aug 25 • 8:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

MFF Charity Shield 2026 ကွင်းဝင်ကြေးများကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

၂၀၂၆/၂၇ ဘောလုံးရာသီသစ် ကွင်းဖွင့်ဖလားပွဲဖြစ်သည့် MFF Charity Shield 2026 ပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက်တွင် သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ရရှိလာသည့် ကွင်း...

၂၀၂၆/၂၇ ဘောလုံးရာသီသစ် ကွင်းဖွင့်ဖလားပွဲဖြစ်သည့် MFF Charity Shield 2026 ပွဲစဉ်ကို ဩဂုတ်လ ၂၅ ရက်တွင် သုဝဏ္ဏ ဘောလုံးကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ရရှိလာသည့် ကွင်းဝင်ကြေးများကို ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသွားမည် ဖြစ်သည်။ အဆိုပါ ပွဲစဉ်တွင် ၂၀၂၅/၂၆ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းနှင့် လိဂ်ဖလား ချန်ပီယံ ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် ဘောလုံးပွဲ အားပေးရင်း ရေဘေးသင့် ပြည်သူများအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင် လှူဒါန်းနိုင်ကြောင်း အသိပေး နှိုးဆော်ထားသည်။

news-view-count-icon

50