စင်ကာပူနိုင်ငံသည် ၂၀၂၇ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ဖိလစ်ပိုင်နိုင်ငံထံမှ လွှဲပြောင်းရယူချိန်၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုနှင့် စည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် လောရင့်စ်ဝေါင်က အမျိုးသားနေ့ လူထုစုဝေးပွဲတွင် ပြောကြားခဲ့သည်။ ကမ္ဘာပေါ်တွင် ပြိုင်ဆိုင်မှုနှင့် မတည်ငြိမ်မှုများ မြင့်တက်လာချိန်၌ အာဆီယံကို ပိုမိုထိရောက်သည့် ဈေးကွက်တစ်ခု ဖြစ်လာစေရန် ဒေသတွင်း ပေါင်းစည်းရေးနှင့် ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားမည်ဖြစ်သည်။ စင်ကာပူသည် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၂၀၁၈ ခုနှစ်တွင် နောက်ဆုံးအကြိမ် ထမ်းဆောင်ခဲ့ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်တာ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Aug 25 • 8:42 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


