back

အိန္ဒိယ အရှေ့ဘက်ကမ်းလွန်တွင် ကုန်တင်သင်္ဘော နစ်မြုပ်၊ သင်္ဘောသား ၂ ဦး ကယ်တင်ထား

Aug 25 • 8:44 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ အရှေ့ဘက်ကမ်းလွန်တွင် ကုန်တင်သင်္ဘော နစ်မြုပ်၊ သင်္ဘောသား ၂ ဦး ကယ်တင်ထား

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Paradip ဆိပ်ကမ်းမှ စင်ကာပူသို့ သံရိုင်းများ တင်ဆောင် ထွက်ခွာလာသည့် ပနားမားအလံတင် Ocean Winner ကုန်တင်သင်္ဘောသည် ဆိပ်ကမ်းမှ ရေမိုင် ၂၄...

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Paradip ဆိပ်ကမ်းမှ စင်ကာပူသို့ သံရိုင်းများ တင်ဆောင် ထွက်ခွာလာသည့် ပနားမားအလံတင် Ocean Winner ကုန်တင်သင်္ဘောသည် ဆိပ်ကမ်းမှ ရေမိုင် ၂၄၀ ခန့်အကွာ ပင်လယ်ပြင်၌ နစ်မြုပ်သွားခဲ့ကြောင်း အိန္ဒိယ ကမ်းခြေစောင့်တပ်က ပြောကြားသည်။ အဆိုပါ သင်္ဘောပေါ်တွင် တရုတ်နိုင်ငံသား ၂၀ ဦး၊ မြန်မာနိုင်ငံသား ၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး (စုစုပေါင်း သင်္ဘောသား ၂၄ ဦး) လိုက်ပါလာခဲ့ပြီး လက်ရှိတွင် သင်္ဘောသား ၂ ဦးကို ကယ်တင်ထားနိုင်ကာ ကျန်ရှိနေသူများကို ကမ်းခြေစောင့်တပ် သင်္ဘောများဖြင့် ဆက်လက် ရှာဖွေကယ်ဆယ်လျက် ရှိကြောင်း သိရသည်။

news-view-count-icon

35