back

ပဲခူးမြို့ရှိ တန်ခိုးကြီး ဘုရားများ၌ ဆိုင်ကယ်အပ်ခ ပိုမိုကောက်ခံနေ၍ ကြပ်မတ်ပေးရန် မြို့ခံများ တောင်းဆိုနေ

Aug 25 • 4:46 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့ရှိ တန်ခိုးကြီး ဘုရားများ၌ ဆိုင်ကယ်အပ်ခ ပိုမိုကောက်ခံနေ၍ ကြပ်မတ်ပေးရန် မြို့ခံများ တောင်းဆိုနေ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရွှေမော်ဓော၊ ကျိုက်ပွန်နှင့် ရွှေသာလျောင်း စသည့် တန်ခိုးကြီး ဘုရားများတွင် ဆိုင်ကယ်အပ်နှံခ ကန်ထရိုက်ယူထားသူများက သတ်မှတ်ထားသည့...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ရွှေမော်ဓော၊ ကျိုက်ပွန်နှင့် ရွှေသာလျောင်း စသည့် တန်ခိုးကြီး ဘုရားများတွင် ဆိုင်ကယ်အပ်နှံခ ကန်ထရိုက်ယူထားသူများက သတ်မှတ်ထားသည့် နှုန်းထားထက် နှစ်ဆ၊ သုံးဆ ပိုမိုကောက်ခံနေမှုအပေါ် မြို့ခံပြည်သူများအကြား ဝေဖန်မှုများ ထွက်ပေါ်နေပြီး သက်ဆိုင်ရာမှ ကြပ်မတ်ပေးရန် တောင်းဆိုလျက်ရှိသည်။ဆိုင်ကယ်အပ်ခကို ဂေါပကအဖွဲ့များက တစ်စီးလျှင် ၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း မြေပြင်တွင် ၁,၀၀၀ ကျပ်မှ ၁,၅၀၀ ကျပ်အထိ ပိုမိုပေးနေရကြောင်း ဘုရားဖူး ပြည်သူများထံမှ သိရသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပဲခူးတိုင်း အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက တကယ် ပိုမိုကောက်ခံနေပါက သက်သေအထောက်အထားဖြင့် ဂေါပကအဖွဲ့ထံ တိုင်ကြားနိုင်ကြောင်း၊ ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် ဒဏ်ရိုက်ခြင်းနှင့် တတိယအကြိမ်တွင် ကန်ထရိုက် ရုတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြံပြုထားသည်။သို့သော် ဘုရားဖူး ပြည်သူများမှာ သက်သေရယူရန် ခက်ခဲခြင်းနှင့် ပြဿနာ မဖြစ်လိုခြင်းတို့ကြောင့် တိုင်ကြားမှု မပြုလုပ်ကြဘဲ သက်ဆိုင်ရာမှ အလိုက်သိ ထိန်းကျောင်းပေးစေလိုကြကြောင်း သိရသည်။

news-view-count-icon

56