မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ရိတ်သိမ်းပြီးသည့် နှမ်းပင်များအား နှမ်းခါယူရန် အခက်အခဲဖြစ်ပေါ်လျက်ရှိပြီး ရာသီဥတုကြောင့် အထွက်နှုန်းများပါ လျော့ကျနိုင်ကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။အောင်လံမြို့နယ်တွင် စမုံနှမ်းနက်ကို အဓိက စိုက်ပျိုးကြပြီး ယခင်နှစ်များကဲ့သို့ ဂျပန်ကုမ္ပဏီ ဝယ်လက်များ၏ အဝယ်စာချုပ်ချုပ်ဆိုမှုများလည်း ယခုနှစ်တွင် မရှိတော့ကြောင်း သိရသည်။လက်ရှိ အောင်လံ ကုန်စည်ဒိုင် ဈေးကွက်အတွင်း စမုံနှမ်းနက် ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀ မှ ၅၄၀,၀၀၀ အထိ ဈေးရှိနေပြီး၊ နှမ်းဖြူနှင့် နှမ်းနီ အသစ်ဈေးမှာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀ ဝန်းကျင် ဈေးရှိနေကြောင်း သိရသည်။
Aug 25 • 3:35 AM
မြန်မာ
မကွေး
မျှဝေမည်
| 40 | 0 | 0 | 0 |


