ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်တွင် ယနေ့ ဩဂုတ် ၂၅ ရက် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သတင်းရရှိသည်နှင့် မူဆယ်ခရိုင် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၃ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် အမြန်ဆုံး သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၅၈ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
| 25 | 0 | 0 | 0 |


