အိမ်၊ ခြံ၊ မြေနှင့် တိုက်ခန်းများ ရောင်းဝယ်ရာ၌ ရောင်းသူနှင့် ဝယ်သူ နှစ်ဦးစလုံး အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြနိုင်မှသာ ဝယ်ယူသူအား အမည်ပြောင်း မှတ်ပုံတင်ပေးမည့် စနစ်ကို လာမည့် စက်တင်ဘာ ၁ ရက်မှ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။ဝယ်ယူသူအနေဖြင့် ဝင်ငွေရလမ်း စိစစ်မှု ခံယူရမည်ဖြစ်သကဲ့သို့ ရောင်းချသူများအနေဖြင့်လည်း ရောင်းချရရှိသည့် တန်ဖိုး စုစုပေါင်း ကျပ်သိန်း ၁၀၀ ထက်ပို၍ အမြတ်ငွေ ပေါ်ပေါက်ပါက ရက်ပေါင်း ၃၀ အတွင်း ဝင်ငွေကြေညာလွှာ တင်သွင်းပြီး အမြတ်ငွေအပေါ် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန် ပေးဆောင်ရမည်ဖြစ်သည်။အဆိုပါ ကာလတန်ဖိုး စိစစ်မှုများကို ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းနှင့် ပြင်ပ သက်ဆိုင်ရာ စိစစ်ရေးအဖွဲ့များက သတ်မှတ်ပေးမည်ဖြစ်ပြီး၊ လက်ရှိတွင် အိမ်ခြံမြေ ဈေးကွက်မှာ ငြိမ်သက်လျက်ရှိကာ စက်တင်ဘာလဆန်း၌ စတင်မည့် အခွန်စနစ်အသစ်ကို ဈေးကွက်အတွင်း စောင့်ကြည့်လျက်ရှိကြသည်။
အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်ရာတွင် ရောင်းသူ/ဝယ်သူ အခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှသာ အမည်ပြောင်း ဆောင်ရွက်ပေးမည်ဖြစ်
Aug 25 • 4:47 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


