ထိုင်းနိုင်ငံတောင်ပိုင်း နာရာထိဝတ်၊ ပတ္တနီနှင့် ယာလာ ပြည်နယ်တို့တွင် ဩဂုတ် ၂၂ ရက်က ဗုံးခွဲမှုနှင့် မီးရှို့မှု အပါအဝင် တိုက်ခိုက်မှု ၅၀ ကျော် ဖြစ်ပွားခဲ့ပြီးနောက် မလေးရှား ရဲတပ်ဖွဲ့က မလေးရှား-ထိုင်း နယ်စပ်တစ်လျှောက် လုံခြုံရေး အစီအမံများကို တိုးမြှင့် လိုက်ကြောင်း သိရသည်။မလေးရှား ရဲတပ်ဖွဲ့က ပြည်သူများအနေဖြင့် မတည်မငြိမ်ဖြစ်နေသော နေရာများနှင့် ဝေးဝေးတွင် နေထိုင်ကြရန် သတိပေးထားပြီး နယ်စပ် ထိန်းချုပ်မှုများကိုလည်း တိုးမြှင့် ဆောင်ရွက်လျက် ရှိသည်။အဆိုပါ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး တောင်ပိုင်း ပြည်နယ်များတွင် လုံခြုံရေး တင်းကျပ်စွာ ဖြည့်တင်းထားသည်။ထိုင်းစစ်တပ် အကြီးအကဲတစ်ဦး၏ ပြောကြားချက်အရ အာဏာပိုင်များက တရားမဝင် ကွန်ရက်များကို ဆက်တိုက် နှိမ်နင်းခဲ့မှုကြောင့် အဆိုပါ ကွန်ရက်များ၏ လက်တုံ့ပြန် တိုက်ခိုက်မှုများ ဖြစ်သည်ဟု သိရသည်။
Aug 25 • 3:27 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


