ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ကားလမ်းပေါ်၌ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့် တောင်ကျရေများကြောင့် ဇမိမြစ်ရေ လျှံတက်ကာ လမ်းပေါ် ရေကျော်နေဆဲဖြစ်သဖြင့် မော်တော်ယာဉ်များ သွားလာနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ဩဂုတ် ၂၀ ရက်မှစတင်၍ ကြာအင်းဆိပ်ကြီး မြို့ပေါ်နှင့် မြေနိမ့်ပိုင်း ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့တာ ဖြစ်သည်။ယမန်နေ့ဩဂုတ် ၂၄ ရက် နံနက်ပိုင်း၌ မြို့ပေါ်တွင် ရေပြန်ကျနေသော်လည်း ကားလမ်းပေါ်၌ ရေကျဆင်းခြင်း မရှိသေးဘဲ မော်တော်ယာဉ် ရာပေါင်းများစွာနှင့် ခရီးသွား ပြည်သူများ ပိတ်မိနေသည်။ထို့ကြောင့် ခရီးလွန်သူ အချို့မှာ ကြာအင်းဆိပ်ကြီးမြို့မှ ဘုရားသုံးဆူမြို့သို့ သွားလာနိုင်ရန် လှေများကို အသုံးပြုကာ သွားလာနေကြရကြောင်း သိရသည်။
Aug 25 • 3:03 AM
မြန်မာ
ကရင်
မျှဝေမည်
| 45 | 0 | 0 | 0 |


