မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာ၌ အသက် ၇၆ နှစ်အရွယ် အဖိုးအဖွား လင်မယား နှစ်ဦး နေအိမ်အတွင်း ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်သူဖြစ်သည့် သမက်ဟောင်း အောင်အောင် ဆိုသူကို ဩဂုတ် ၂၄ ရက် မွန်းလွဲပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ညောင်လမ်းကျေးရွာရှိ နေအိမ်အတွင်း၌ အဖိုးဖြစ်သူ ဦးမောင်တင်နှင့် အဖွားဖြစ်သူ ဒေါ်ယဉ်မေတို့ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရာမှ သမက်ဟောင်း ဖြစ်သူကို မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ပြီး သေဆုံးသူများထံမှ ယူဆောင်သွားသည့် နားကပ်တစ်ရံကိုလည်း သိမ်းဆည်းရမိခဲ့သဖြင့် နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိသည်။


