တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း နာရာ (NARRA) နှင့် ဘင်္ဂလားပင်လယ်အော် မုတ်သုံလေ အားကောင်းမှုတို့ကြောင့် ဩဂုတ် ၂၈ ရက်အထိ တိုင်းနှင့် ပြည်နယ်အများအပြား၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၄ ရက်တွင် သတိပေး ထုတ်ပြန်ခဲ့သည်။ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုခြင်းများ သတိပြုကြရန် အသိပေးထားသည်။လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့၌ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေသကဲ့သို့ ကရင်ပြည်နယ်၊ မြဝတီမြို့၌လည်း သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
Aug 25 • 2:30 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 66 | 0 | 0 | 0 |


