back

ဗီယက်နမ်၊ဟိုချီမင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ဟိုတယ်များအတွက် စံသတ်မှတ်ချက်များ စတင်ရေးဆွဲ

Aug 25 • 2:31 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၊ဟိုချီမင်းမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့် ဟိုတယ်များအတွက် စံသတ်မှတ်ချက်များ စတင်ရေးဆွဲ

ဗီယက်နမ်၊ဟိုချီမင်းမြို့ ပြည်သူ့ကော်မတီသည် မြို့အတွင်းရှိ ဟိုတယ်များကို စမတ်ဟိုတယ် (Smart Hotel)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် ဟိုတယ် (Green Hotel) နှင့် ဒေသရ...

ဗီယက်နမ်၊ဟိုချီမင်းမြို့ ပြည်သူ့ကော်မတီသည် မြို့အတွင်းရှိ ဟိုတယ်များကို စမတ်ဟိုတယ် (Smart Hotel)၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသည့် ဟိုတယ် (Green Hotel) နှင့် ဒေသရိုးရာ ယဉ်ကျေးမှုအမွေအနှစ်ပုံစံ Boutique ဟိုတယ်များအဖြစ် အသိအမှတ်ပြုနိုင်ရန် စံသတ်မှတ်ချက်၊ စည်းကမ်းချက်များနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူကြမ်းကို စတင်ရေးဆွဲ၍ ပြည်သူ့ကောင်စီ၏ သဘောထားတောင်းခံလျက်ရှိသည်။ အဆိုပါ ဆောင်ရွက်ချက်သည် ခရီးသွားကဏ္ဍတွင် ဒီဂျစ်တယ်စနစ် ကူးပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခရီးသွားဝန်ဆောင်မှု ပုံစံမျိုးစုံ တိုးမြှင့်ရေးတို့အတွက် ဥပဒေကြောင်းဆိုင်ရာ မူဘောင်တစ်ရပ်ကို ဗီယက်နမ်၌ ပထမဆုံး စတင်ဖန်တီးလိုက်ခြင်းဖြစ်သည်။ အဆိုပါ စံသတ်မှတ်ချက်များတွင် နည်းပညာသုံး ဝန်ဆောင်မှုများ၊ စွမ်းအင်နှင့် ရေကို ထိရောက်စွာ အသုံးပြုမှု၊ စာရင်းဇယား စနစ်တကျ စေလွှတ်မှုနှင့် ဒေသယဉ်ကျေးမှုကို ထိန်းသိမ်းမှု စသည့် အချက်အလက်များ ပါဝင်ပြီး ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် သမရိုးကျ မဟုတ်ဘဲ မိမိတို့ဆန္ဒအလျောက် ပါဝင်လျှောက်ထားနိုင်မည်ဖြစ်သည်။

news-view-count-icon

14