ထိုင်းနိုင်ငံတောင်ပိုင်း ပတ္တာနီ၊ ယာလာနှင့် နရာသီဝပ် ပြည်နယ်များ၌ မကြာသေးမီက အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းဒေသများတွင် ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသားများ လုံခြုံရေး အထူးဂရုပြုကြရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ဘန်ကောက်) က ဩဂုတ် ၂၄ ရက်တွင် အသိပေး ထုတ်ပြန်ခဲ့သည်။အဆိုပါ ပြည်နယ်များရှိ မြန်မာနိုင်ငံသားများအနေဖြင့် မသက်ဆိုင်သော လူစုလူဝေးများတွင် ပါဝင်ပတ်သက်ခြင်း မပြုရန်နှင့် အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်ပါက မြန်မာသံရုံး သို့မဟုတ် အလုပ်သမား သံအရာရှိရုံးများသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း အသိပေးထားသည်။
Aug 25 • 2:12 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


