back

လာအိုဘက်မှ မြန်မာနိုင်ငံသား ၁၈၀ ဦးအား ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်

Aug 25 • 2:02 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုဘက်မှ မြန်မာနိုင်ငံသား ၁၈၀ ဦးအား ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်

လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံသား အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း ၁၈၀ ဦးကို မိုင်းမောဆိပ်ကမ်းမှ စက်လှေများဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ...

လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံသား အမျိုးသား ၁၁၂ ဦးနှင့် အမျိုးသမီး ၆၈ ဦး၊ စုစုပေါင်း ၁၈၀ ဦးကို မိုင်းမောဆိပ်ကမ်းမှ စက်လှေများဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ ဩဂုတ် ၂၄ ရက်တွင် ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ယင်းသို့ ပြန်လည်ပို့ဆောင်ရာတွင် လာအိုဘက်မှ မြန်မာနိုင်ငံဘက်သို့ ကြိုတင်ဆက်သွယ် ညှိနှိုင်းအကြောင်းကြားခဲ့ခြင်း မရှိဘေ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် ဝမ်ပုံဆိပ်ကမ်းသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၈၀ ဦး၏ နေရပ်၊ လာအိုနိုင်ငံသို့ ရောက်ရှိနေသည့် အကြောင်းအရင်းနှင့် ပြန်လည်ပို့ဆောင်ခံရသည့် အကြောင်းအရင်းများကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကနဦး စိစစ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

news-view-count-icon

13